စည်းရုံးလှုံ့ဆော်မှု လက်စွဲ

0

စည်းရုံးလှုံ့ဆော်မှု(Advocacy) အကြောင်း သင်တန်းပေးပါ။ ဟောပြောပွဲတွေ လုပ်ပေးပါဆိုတဲ့ တောင်းဆိုသံတွေကို ခဏခဏ ကြားလာရပါတယ်။ အရပ်ဖက်လူထုအဖွဲ့အစည်းတွေအနေနဲ့ စည်းရုံးလှုံ့ဆော်မှုအကြောင်းကို ပိုမို သိရှိချင်လာပြီး စနစ်တကျအသုံးပြုလိုတဲ့ စိတ်ဆန္ဒ တွေကြောင့် ဒီလိုတောင်းဆိုမှုတွေကို ပိုကြားလာရတယ်လို့ ယူဆပါတယ်။

အမှန်တော့ စည်းရုံးလှုံ့ဆော်မှုဆိုတာ နေ့စဉ်လုပ်ဆောင်နေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ မိသားစုအတွင်းမှာ၊ မိတ်ဆွေ သူငယ်ချင်းတွေကြားမှာ၊ အဖွဲ့အစည်းတွေကြားမှာ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒအတိုင်း တစ်ခြားသူတွေက လက်ခံသဘောတူလာအောင် လုပ်နေကြတာမဟုတ်ပါလား။ စိတ်ကူးအယူအဆ မတူညီသူတွေကြားမှာ စည်းရုံး လှုံ့ဆော်မှုဆိုတာ လုပ်ကိုင်ရစမြဲပါ။ နိုင်ငံရေးသမားတွေလဲ လူထုကို ထောက်ခံလာအောင် စည်းရုံးလှုံ့ဆော်တာ မျိုးရှိသလို စီးပွားရေးလုပ်ငန်းတွေကလဲ ပြည်သူတွေကို သူတို့ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို အသုံးပြုလာချင်အောင် စည်းရုံးသိမ်းသွင်းကြတာပါဘဲ။

Share.