Entries by equalityMM

ကလေးအကြမ်းဖက်မှုရပ်တန့်ရေး ကုလကြိုးပမ်းချက် မြန်မာလူ့အခွင့်အရေးအဖွဲ့တွေ ကြိုဆို

မြန်မာ့တပ်မတော်အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းအားလုံးအနေနဲ့ မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ဒေသတွေမှာ ကလေးငယ်တွေအပေါ် အကြမ်းဖက် ညှဉ်းပမ်း နှိပ်စက်မှု အားလုံးကို ချက်ခြင်းရပ်တန့်ဖို့နဲ့ တိုက်ပွဲတွေဖြစ်နေဆဲ တိုင်းရင်းဒေသတွေက ကလေးတွေအပေါ် ပြင်းထန်ဆိုးရွားလှတဲ့ အကြမ်းဖက်မှု ကျူးလွန်သူ မှန်သမျှ မည်သူ့ကိုမဆို အပြစ်ပေးအရေးယူဖို့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကနေ မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုလိုက်တဲ့အပေါ် မြန်မာ့လူ့အခွင့်အရေးနဲ့ ကလေးသူငယ် အခွင့်အရေးလှုပ်ရှားသူတွေဘက်က ကြိုဆိုလိုက်ပါတယ်။ ကလေးစစ်သား စုဆောင်းမှုအပါအဝင် ဖမ်းဆီးစစ်ဆေးအရေးယူမှုတွေကို လုံးဝရပ်တန့်ပေးဖို့ ကလေးတွေကို ဥပဒေအရ လုံခြုံကာကွယ်ပေးဖို့ ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူတွေက တောင်းဆိုပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။ ဇူလိုင်လ ၃၀ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ လုံခြုံရေးကောင်စီရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ အလုပ်အဖွဲ့ရဲ့ ၃၈ ကြိမ်မြောက် အစည်းအဝေးကနေ မြန်မာနိုင်ငံတွင်းက […]