မြန်မာနိုင်ငံအတွင်းရှိ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်အခြေအနေ

0
  • Download 95
  • File Size 1.16 MB
  • File Count 1
  • Create Date March 22, 2016
  • Last Updated March 22, 2016

မြန်မာနိုင်ငံအတွင်းရှိ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်အခြေအနေ

လွန်ခဲ့သောလအနည်းငယ်အတောအတွင်း မြန်မာနိုင်ငံအကြောင်းကို နိုင်ငံတကာသတင်းစာမျက်နှာများတွင် ခေါင်းစီးသတင်းများအဖြစ် ဖော်ပြခံခဲ့ရသည်။  ပြီးခဲ့သောနိုဝင်ဘာလရွေးကောက်ပွဲတွင် NLD ပါတီ အပြတ်အသတ် အနိုင်ရရှိပြီးချိန်အထိ ဖြစ်ပေါ်ခဲ့သော
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်ကြောင့် ကျယ်ကျယ်ပြန့်ပြန့် ချီးမွမ်းခံခဲ့ရပြီး လက်ခုပ်သံများ ညံခဲ့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် မြန်မာနိုင်ငံသည် ရှားပါးသတင်းကောင်း တစ်ပုဒ်ဖြစ်ခဲ့သော်လည်း ရှိနေသည့် ပြဿနာများကို ရိုးစင်းသည့်အခြေအနေကဲ့သို့ အလွန်အကျွံ ပုံဖော်ရေးသားပြောဆိုမှုများကြောင့် ဖြစ်လာနိုင်သည့် အန္တရာယ်များကို အလွယ်တကူ မြင်နိုင်ပါသည်။ မြန်မာနိုင်ငံ၏ ကြီးမားသောပြဿနာများကို ကတ္တီပါခင်းအောက် သိမ်းကျုံးဝှက်ထားခြင်းကြောင့် နိုင်ငံတစ်ဝှမ်းရှိ ဆင်းရဲသော၊ အကာအကွယ်မဲ့သော၊ ပစ်ပယ်ခံ
နေရသော လူထုအကျိုးကို ထိခိုက်လာနိုင်သည့် အခြေအနေမျိုးသို့ ရောက်ရှိလာ နိုင်သည်။

Share.