Genocide

မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ရိုဟင်ဂျာ‌တွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ၊ လက်စဖျောက်မှုတွေ၊ ရိုဟင်ဂျာ အမျိုးသမီးများနှင့် မိန်းကလေးတွေအပေါ်မှာ အုပ်စုလိုက် အဓမ္မပြုကျင့်တာတွေအပါအ၀င် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စနစ်တကျလုပ် ဆောင် ခဲ့ကြပါတယ်။ ဒါတွေအပြင် ရွာပေါင်း (၁၀၀) ခန့် ပျက်စီးခဲ့ရပြီး ဘ၀ပေါင်း များ စွာလည်း ပျက်စီးခဲ့ကြရပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ အမေရိကန်အစိုးရက ဒီရာဇ၀တ် မှုတွေဟာ Genocide လူမျိုးသုဥ်းသတ်ဖြတ်မှု‌မြောက်တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။
ယနေ့အချိန်ထိ ရိုဟင်ဂျာတစ်ထောင်ကျော်ဟာ သူတို့ရဲ့ အိမ်၊ ရွာ၊ နိုင်ငံကနေ ရွှေ့ပြောင်း နေထိုင်ကြရဆဲ ဖြစ်ပါတယ်၊ အချို့တွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စစ်ဘေးရှောင်စခန်း တွေမှာ ဆင်းရဲပင်ပန်းစွာ နေထိုင်ကြရဆဲပါ။

အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုအမျိုးအစားတွေထဲက တစ်ခုဖြစ်တဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှု ဆိုတာကတော့“နိုင်ငံသား၊ လူမျိုးနွယ်စု၊ လူမျိုးစု(သို့) ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့များ အားလုံးကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ကျူးလွန်မှုများ (သို့) အချို့အစိတ်အပိုင်းများကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ကျူးလွန်မှုများ” လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။

လက်ရှိမြန်မာနိုင်ငံအနေနဲ့ ICJ မှာတရားရင်ဆိုင်နေရတာဟာ ဘာကြောင့်ဘာလဲ။
လူမျိုးသုဥ်းသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာမှာဘယ်လိုစာချုပ်တွေရှိလဲ။
မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေရှိလား။
စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ဘယ်လိုသဘောထားရှိလဲ။ ဘာတွေလုပ်ဆောင်နေလဲ။

#Genocide
#PVTV
#Equality Myanmar
#HRETV
#MoHR
#6thmemorial
#Rohingya
#HumanRights
#Infosheet4HumanRights