လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်ခြင်းအပေါ် မူဝါဒ

0

Equality Myanmar ၏ ဝန်ထမ်းအားလုံးသည် အလုပ်ခွင်တွင် ဂုဏ်သိက္ခာရှိရှိနှင့် လေးစားစွာဆက်ဆံခြင်း ခံရသောအခွင့်အရေးအပြင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းမှ ကာကွယ်မှုရရှိနိုင် သောအခွင့်အရေးရှိကြသည်။ EQMM သည် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းကို ဖော်ထုတ်ခြင်းနှင့် တားဆီးခြင်း၊ အလုပ်ပတ်ဝန်းကျင်တွင် ဂုဏ်သိက္ခာနှင့် လေးစားမှုရှိသော ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်လာအောင် ပြုလုပ်ခြင်းတို့အတွက် တာဝန်ယူသည်။ EQMM သည် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းကြောင့် တိုင်ကြားမှုများ၊ သတင်းပေးပို့ခြင်းများနှင့် စွပ်စွဲချက်များကို မြန်ဆန်စွာနှင့် သင့်လျော်မှန်ကန်စွာ အရေးယူမှုဖြင့် တုံ့ပြန်မည်ဖြစ်သည်။ ဤနည်းအားဖြင့် တားမြစ်ထားသော အပြုအမူတို့ကိုတားဆီးခြင်း၊ တင်းမာမှုရှိသော ပတ်ဝန်းကျင်ကို ဖယ်ရှားခြင်း၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းများ နောက်ထပ်မဖြစ်စေရန် ဟန့်တားခြင်းနှင့် ထိုအပြုအမူများကြောင့် ပေါ်ပေါက် လာသည့် ရလဒ်များကို ဖြေရှင်းခြင်းတို့ကို ဆောင်ရွက်နိုင်မည်။ EQMMသည် အဖွဲ့အစည်း၏ အဖွဲ့ဝင်အားလုံးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်းနှင့် ပတ်သက်သည့် စိုးရိမ်ဖွယ်ရာမည်သည့် ကိစ္စမဆို သို့မဟုတ် တိုင်ကြားမှုကိုမဆို သတင်းပေးပို့ရန် တိုက်တွန်းအားပေးသည်။

ဤမူဝါဒသည် ဝန်ထမ်းများအား မည်သည့်အပြုအမူသည် လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း (Sexual harassment) ဖြစ်သည်ကို အသိပေးရန်၊ ဤကဲ့သို့ အဖြစ်အပျက်မျိုး မပေါ်ပေါက်ရန် တားဆီးဖို့အတွက် EQMM သုံးစွဲသည့် နည်းလမ်းများဖော်ပြရန်နှင့် အကယ်၍ ဤကဲ့သို့ အဖြစ်အပျက်မျိုးပေါ်ပေါက်ပါက တရားမျှတသောနည်းစနစ်ဖြင့် ထိုအပြုအမူများကို အရေးယူနိုင်ရန် ရည်ရွယ်သည်။

အပြည့်အစုံရယူရန်

Share.