ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူ စာချုပ်

0

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူ စာချုပ်အကြောင်းနှင့် အခွင့်အရေးများကို လက်ကမ်းစာစောင်လေးဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနနှင့် ညီမျှခြင်းမြန်မာအဖွဲ့တို့မှ ပူးပေါင်းပြီး ပထဦးဆုံးအကြိမ် ထုတ်ဝေလိုက်ပါသည်။

ထိုစာချုပ်ကို မြန်မာနိုင်ငံမှ ၁၉၉၁ခုနှစ်၊ သြဂုတ်လ (၁၅)ရက်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။

စာချုပ်တွင် ကလေးဆိုသည်မှာ အသက်(၁၈)နှစ် မပြည့်သေးသူကို ကလေးဟု သတ်မှတ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများကို ကြည့်မည်ဆိုလျင် အဓိက အမျိုးအစား လေးမျိုးခွဲခြားထားသည်။

ကလေးများ၏ (၁) အသက်ရှင်ရပ်တည်မှု ဆိုင်ရာအခွင့်အရေးများ၊ (၂) ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အရေးများ၊ (၃) ကာကွယ်မှုဆိုင်ရာ အခွင့်အရေးများ၊ (၄) ပါဝင်ဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေးများကို မိဘ၊ ပြည်သူ နှင့် နိုင်ငံတော်မှ ၀ိုင်းဝန်းကာကွယ်လုပ်ဆောင်ပေးရမှာ ဖြစ်ကြောင်းကို ဖော်ပြထားသည်။

အမျိုးအစားအလိုက် ထပ်မံသိရှိလိုသော အကြောင်းအရာများကို လက်ကမ်းစာစောင်တွင် ကြည့်ရှုကြပါရန် ဖိတ်ခေါ်လိုက်ပါ သည်။

ကလေးသူငယ်အခွင့်အရေးချိုးဖောက်မှုရှိလျှင် မြို့နယ်၊ ခရိုင်၊ ပြည်နယ်တိုင်းအဆင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီများသို့ တိုင်ကြားနိုင်ပြီး၊ နေပြည်တော်ရှိ လူမှုဝန်ထမ်းဦးစီးဌာန(ကလေး သူငယ် အခွင့်အရေးဆိုင်ရာ အမျိုးသားမကော်မတီရုံး)နှင့် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေး ကော်မတီ သို့လည်း တိုင်ကြားနိုင်ပြီဖြစ်သည်။

တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်

နေပြည်တော်ရှိ လူမှုဝန်ထမ်းဦးစီးဌာန(ကလေး သူငယ် အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီရုံး)

အရေးပေါ်ဆက်သွယ်ရန် ဖုန်း – ၀၆၇ ၄၀၄၂၂၂၊ ၀၆၇ ၄၀၄၉၉၉

အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးကော်မတီ

အရေးပေါ်ဆက်သွယ်ရန် ဖုန်း – ၀၆၇ ၅၉၁၄၀၀

Share.